မောက်မယ်၊ ကဒူးကြီးဒေသတွင် လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်စခန်းနှင့် လူနေအိမ်အချို့ ပျက်ဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မောက်မယ်၊ ကဒူးကြီးဒေသတွင် လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်စခန်းနှင့် လူနေအိမ်အချို့ ပျက်ဆီး

မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ၊ ဗန်းမက်၌ ယမန်နေ့ ဧပြီလ ၁၄ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် မိုးရွာသည့်အပြင် လေပြင်း တိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်စခန်း နှင့် လူနေအိမ် အချို့ ပျက်ဆီးသွားခဲ့ကြောင်း သိရသည်။


အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်ဆီးခဲ့ရသည့် စစ်ဘေးရှောင်စခန်းတွင် စစ်ရှောင် လူဦးရေ ၈၀ ကျော် ခိုလှုံနေခြင်း ဖြစ်ကာ လက်ရှိတွင် ဗန်းမက်ဘုန်းကြီးကျောင်းသို့ ခေတ္တပြောင်းရွေ့ နေထိုင်‌ရသည်ဟု သိရသည်။

.

ထို့အတူ ဗန်းမက်ရွာရှိ လူနေအိမ် ၁၀ လုံးခန့် ပျက်ဆီးခဲ့ကြောင်းနှင့် ထိခိုက် ဒဏ်ရသူ မရှိကြောင်း သိရသည်။

Journal Download

Photo of three cats