ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲ ဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲ ဖြစ်


ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ လွှစင်ရွာ နှင့် တောင်ပို့ကွဲရွာ အကြားတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ ဧပြီလ ၉ ရက်၊ ညနေ ၆ နာရီခန့်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

.

ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG) ၊ တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) နှင့် ရှမ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (SNDF) တို့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့သည် ပျူစောထီးများအား သုတ်သင် ရှင်းလင်းရန် စောင့်ဆိုင်းနေစဉ် ရွှေဓနုယာဥ်လိုင်းဖြင့် ရောက်ရှိလာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

.

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံး၍ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက် ဒဏ်ရာရရှိခြင်း မရှိဘဲ တပ် ပြန်ဆုတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Journal Download

Photo of three cats