ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရပ်ကွက်၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ ယမန်နေ့ ဧပြီလ ၂၉ ရက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
.
စစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) တပ်ဖွဲ့ ဗျူဟာ(၃)မှ C ,D, E တပ်ရင်း၏ တပ်ခွဲအချို့ နှင့် အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းမှ တပ်ခွဲအချို့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု DMO-Local PDF က ယနေ့ ဧပြီလ ၃၀ ရက်တွင် ထုတ်ပြန်သည်။
.
အဆိုပါ တိုက်ပွဲမှာ တစ်နာရီခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦးခန့်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သည့်အပြင် တပ်သား ၃ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အတူ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှု မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။