ရန်ကုန်မြို့ တစ်နေရာတွင် "အလုပ်သမား အင်အားဖြင့် ဖက်ဆစ်တပ်ကို တိုက်ထုတ်ကြ" စာတန်း ချိတ်ဆွဲ၍ ဆန္ဒပြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရန်ကုန်မြို့ တစ်နေရာတွင် "အလုပ်သမား အင်အားဖြင့် ဖက်ဆစ်တပ်ကို တိုက်ထုတ်ကြ" စာတန်း ချိတ်ဆွဲ၍ ဆန္ဒပြ


SC strike (စမ်းချောင်း ပင်မသပိတ်စစ်ကြောင်း) ၊ LGBT community Yangon ၊ Labor Allianceအဖွဲ့ဝင် CTUM ၊ RF (Revolution Force) သပိတ် အင်အားစုများက နိုင်ငံတကာ အလုပ်သမားနေ့ (Mayday) အား ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ရန်ကုန်မြို့ တစ်နေရာ၌ ယနေ့ ဧပြီလ ၃၀ ရက်တွင် "အလုပ်သမား အင်အားဖြင့် ဖက်ဆစ်တပ်ကို တိုက်ထုတ်ကြ" စာတန်း ချိတ်ဆွဲ၍ ဆန္ဒပြခဲ့ကြောင်း သိရသည်။

.

ထို့အပြင် သပိတ် အင်အားစုများများသည် စစ်ကောင်စီ၏ လုံခြုံရေး တင်းကြပ်နေမှုများ ကြားမှ စစ်အာဏာရှင် စနစ်ဆိုးကို ပြည်သူများ အားလုံးပါဝင်၍ တော်လှန်ကြရန်နှင့် အလုပ်သမားများအင်အားဖြင့် ဖက်ဆစ်စစ်တပ်ကို တိုက်ထုတ်ကြရန် ပြည်သူလူထုအား လှုံ့ဆော်သော စာသားများကို ဖြန့်ကြဲသည့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

Journal Download

Photo of three cats