ဗိုလ်သင်တန်း ဆင်းပွဲ ရှိ၍ ရှမ်းတောင်တွင် စစ်ကောင်စီ လုံခြုံရေး တိုးမြှင့်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဗိုလ်သင်တန်း ဆင်းပွဲ ရှိ၍ ရှမ်းတောင်တွင် စစ်ကောင်စီ လုံခြုံရေး တိုးမြှင့်ထား


စစ်ကောင်စီ၏ တပ်မတော်(ကြည်း)၊ ဗိုလ်သင်တန်းကျောင်း (ဗထူး)၌ ဗိုလ်‌လောင်းသင်တန်း ဆင်းပွဲ အခမ်းအနား ပြုလုပ်မည် ဖြစ်၍ ရပ်စောက်မြို့နယ် အပါအဝင် ရှမ်းပြည်နယ် တောင်ပိုင်းတွင် လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။

.

ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၅) ကို လာမည့် ဧပြီလ ၈ ရက်တွင် ပြုလုပ်မည် ဖြစ်ပြီး ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ရှမ်းတောင်တွင် စစ်ရေးအရှိန် မြှင့်တင်မည်ဟု ကြေညာထားသည့်အတွက် ယခင်ကထက် ပို၍ လုံခြုံရေး တင်းကြပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

.

" လာမယ့် သောကြာနေ့ ဆင်းမှာ။ ဒုချုပ် လာဖို့ များတယ်။ အရင်နှစ်တွေထက် လုံခြုံရေး ပို ချထားပုံပဲ။ လုံခြုံရေးတွေလည်း ရောက်နေပြီ။ PDF တွေက ရှမ်းတောင်မှာ တိုက်တော့မယ်ဆိုတဲ့ သတင်းက ပြန့်နေတာလည်း ပါတာပေါ့။ " ဟု ဗထူးတပ်နယ်သို့ ရောက်ရှိနေသူ တစ်ဦးက ပြောသည်။


အဆိုပါ ဗိုလ်‌လောင်းသင်တန်းဆင်းပွဲကို နှစ်စဉ် ဧပြီလ ဒုတိယအပတ်တွင် ပြုလုပ်၍ ဒုတပ်ချုပ်က ပုံမှန် သင်တန်း ဆင်းပေးလေ့ ရှိသော်လည်း ယခုနှစ်တွင်မူ တပ်ချုပ် ကိုယ်တိုင် လာရောက်မည်ဟု သတင်းများလည်း ထွက်ပေါ် နေသည်။

.

ပြီးခဲ့သည့် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၄) သင်တန်း ဆင်းပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် ပြုလုပ်ခဲ့ရာ အာဏာသိမ်း စစ်ကောင်စီ ဒုဥက္ကဌ၊ ဒုတပ်ချုပ်က သင်တန်းဆင်းပေးခဲ့သည်။

Journal Download

Photo of three cats