စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကရင်နီ (ကယား )ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အရှေ့ဘက်ခြမ်းရှိ ကျေးရွာများမှ ဒေသခံ အရပ်သားပြည်သူများ၏ နေအိမ်များ ပျက်စီးခဲ့ရကြောင်း သိရသည်။
.
ဒီးမော့ဆိုမြို့နယ်၊ ထီးပိုးကလိုးကျေးရွာအုပ်စု၊ ထီးသဲကလိုးနှင့် ဒေါ်လျားခူ ကျေးရွာများသို့ အာဏာသိမ်း စစ်ကောင်စီတပ်မှ ယမန်နေ့ ဧပြီလ ၄ ရက်၊ နံနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် နေအိမ်းများ ပျက်စီးခဲ့ရသည့် အပြင် အိမ်မွေးတိရိစ္ဆာန်အချို့ ထိခိုက် သေဆုံးခဲ့ရသည်ဟု ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့နယ်၊ ဒေါစဲကျေးရွာ၊ ဒေါတငူး၊ တနီးလားလဲ၊ ကွိုင်ငံကျေးရွာမျ အတွင်းသို့ ပြီးခဲ့သည့် ရက်ပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိကာ ဘာသာရေးအဆောက်အဦနှင့် လူနေအိမ်များ ပျက်ဆီးခဲ့ရသေးသည်။
.
ထို့အပြင် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်(၁၁)တွင်လည်း စစ်ကောင်စီတပ်မှ ထောင်ထားခဲ့သော မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။