တောင်ကြီးတွင်လည်း စက်သုံးဆီဈေး မြင့်တက်နေပြီး ဝယ်ယူ စုဆောင်းသူ များလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင်လည်း စက်သုံးဆီဈေး မြင့်တက်နေပြီး ဝယ်ယူ စုဆောင်းသူ များလာ


ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင်လည်း စက်သုံးဆီ ဈေးနှုန်း ရုတ်တရက် မြင့်တက်လာကာ ဝယ်ယူ စုဆောင်းသူ များလာသည်ဟု သိရသည်။

.

" သင်္ကြန်မတိုင်ခင်က စက်သုံးဆီဈေး နည်းနည်း ကျနေတာကနေ ခုတော့ ရုတ်တရက် ခုန်တက်သွားတာ။ ဝယ်တဲ့သူလည်း တော်တော်များတယ်။ " ဟု တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီ ရောင်းချသူ တစ်ဦးက ပြောသည်။

.

ဈေးကွက်အတွင်း စက်သုံးဆီ ပြတ်သွားနိုင်သည်ဟူ‌သော သတင်းများကြောင့် နိုင်ငံတစ်ဝန်းတွင် အလုအယက် ဝယ်ယူသူများ ရှိနေခြင်း ဖြစ်သည်။

.

တောင်ကြီးမြို့၌ သင်္ကြန်မတိုင်မီနှင့် သင်္ကြန်အပြီး တစ်ပတ်တာ ကာလအတွင်း စက်သုံးဆီ တစ်လီတာလျှင် ၃၀၀ ကျပ်မှ ၄၀၀ ကျပ်ထိ မြင့်တက်လာကာ အချို့စက်သုံးဆီ အရောင်းဆိုင်များတွင် မော်ဝောာ်ယာဉ် အမျိုးအစား အလိုက် အကန့်အသတ်ဖြင့် ရောင်းချမှုများလည်း ရှိနေသည်ဟု သိရသည်။

.

တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့အချို့၌ ယနေ့ ဧပြီလ ၁၉ ရက်တွင် ဒီဇယ် (ရိုးရိုး) တစ်လီဝာာလျှင် ၂၄၃၀ ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီဝာာလျှင် ၂၄၆၀ ကျပ်၊ ဓါတ်ဆီ (၉၂) တစ်လီတာလျှင် ၂၁၆၀ ကျပ်၊ ဓါတ်ဆီ (၉၅) တစ်လီဝာာလျှင် ၂၃၃၀ ကျပ်ဖြင့် ရောင်းချနေလျက် ရှိပြီး ယင်းဈေးနှုန်းမှာ နေရာဒေသနှင့် ဆိုင်အပေါ်တွင် မူတည်၍ အပြောင်းအလဲ ရှိနိုင်သည်ဟု သိရသည်။

Journal Download

Photo of three cats