တောင်ကြီးမြို့နယ်၊ ဘုရားနီ ကျေးရွာ၌ လေးကောင်ဂျင် လောင်းကစားဝိုင်း ပြုလုပ်နေသည်မှာ ၂ လကျော် ကြာမြင့်ပြီ ဖြစ်ကာ ယနေ့တိုင်လည်း ဆက်လက် ပြုလုပ်နေသည်ဟု သိရသည်။
.
တောင်လေးလုံးကျေးရွာနေ ကိုသန်းဝင်း က ဦးဆောင်၍ ဘုရားနီကျေးရွာရှိ ဘုန်းကြီးကျောင်း အတွင်း၌ ကျောင်း ရန်ပုံငွေဟု ဆိုကာ ပြုလုပ်နေခြင်း ဖြစ်သည်။
.
အဆိုပါ လေးကောင်ဂျင် လောင်းကစားဝိုင်း ပြုလုပ်ရန်အတွက် ရဲ အပါအဝင် ဌာနဆိုင်ရာများကို လာဘ်ငွေ ပေးပြီး လုပ်ဆောင်နေခြင်း ဖြစ်ကာ အုပ်ချုပ်ရေးမှူးများပါ ပတ်သက်နေသည်ဟု ဒေသခံများက ပြောသည်။
.
ထို့အတူ ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေ ရပ်ကွက်အတွင်း၌လည်း လေးကောင်ဂျင် လောင်းကစားဝိုင်းကို တာဝန်ရှိသူများက ငွေကြေးရယူကာ ကာလရှည်ကြာ ခွင့်ပြုထားကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ် အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့၊ ရွာ ဒေသ အများစုတွင် စစ်အာဏာ သိမ်းပြီးနောက် လောင်းကစားဝိုင်းများကို တရားဝင်ပုံစံ ခွင့်ပြုနေခြင်း ဖြစ်ပြီး ဖမ်းဆီးမှု အချို့ ရှိသော်လည်း အထက်အမိန့်အရဟု ဆိုကာ ပြန်လွှတ်ရသည့် ဖြစ်စဉ်များလည်း ရှိကြောင်း သိရသည်။