နေပြည်တော်တွင် အာဏာသိမ်း စစ်ခေါင်းဆောင် တည်နေသည့် မာရဝီဇယဘုရားနှင့် ကျောက်စာရုံစေတီ အတွက် စစ်ကောင်စီခန့် ရှမ်းပြည်နယ်အစိုးရက စာထွက်၍ အလှူခံလျက် ရှိကြောင်း သိရသည်။
.
အဆိုပါ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် ကျောက်စာရုံစေတီ ၇၆၀ ဆူတို့အတွက် တစ်ဆူလျှင် ငွေကျပ် ၂၇၉ သိန်းနှုန်းဖြင့် တစ်ဦးချင်း ဖြစ်စေ၊ အစုအဖွဲ့လိုက် ဖြစ်စေ စစ်ကောင်စီခန့် ရှမ်းပြည်နယ်အစိုးရုံးသို့ မေလ ၁၀ ရက် နောက်ဆုံးထား ပေးပို့လှူဒါန်းရန် အကြောင်းကြားစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ အလှူငွေ လှူဒါန်းနိုင်ရေး အကြောင်းကြားမှုမှာ ရှမ်းပြည်နယ်တွင်သာ မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟုလည်း သိရသည်။