ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့၊ ချိကယ်ရပ်ကွက် အနီးတစ်ဝိုက်တွင် ယနေ့ ဧပြီလ ၁၄ ရက် (သင်္ကြန်အကျနေ့) နံနက်ပိုင်းက ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
တိုက်ပွဲအတွင်း ဒဏ်ရာရသူ ပြည်သူများ ရှိနေပြီး လက်နက်ကြီး ပစ်ခတ်သံများလည်း ဆက်တိုက် ထွက်ပေါ်ကြောင်း သိရသော်လည်း အသေးစိတ် အခြေအနေကိုမူ မသိရသေးပေ။
.
အဆိုပါ တိုက်ပွဲ ဖြစ်ပွားနေသည့် ချိကယ် အနီးတစ်ဝိုက်၌ နေထိုင်သူ ပြည်သူများ အနေဖြင့် စစ်ရေး အခြေအနေ ပိုမို တင်းမာလာနိုင်သောကြောင့် စစ်ဘေး ကင်းလွတ်ရာသို့ တတ်နိုင်သမျှ လျင်မြန်စွာ ရွှေ့ပြောင်းကြရန် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၁၂)က အသိပေး ကြေညာထားသည်။
.
ထို့အပြင် ဒီးမော့ဆိုမြို့နယ်၊ ထီးဖိုးကလိုးအုပ်စုကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း လက်နက်ကြီးကျည် ၄ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး တိရစ္ဆာန်အချို့ ထိခိုက်မှု ရှိခဲ့ကြောင်း သိရသည်။