ကရင်နီ (ကယား) ပြည်နယ်၌ ဖြစ်ပွားသည့် တိုက်ပွဲများအနက် ၃ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို စနိုက်ပါဖြင့် ပစ်ခတ်နိုင်ခဲ့သည်ဟု အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ယနေ့ ဧပြီလ ၈ ရက်တွင် ထုတ်ပြန်သည်။
.
လွိုင်ကော်မြို့နယ်၊ ငွေတောင်ရွာသစ်၌ ဧပြီလ ၈ ရက်၊ နံနက်ပိုင်းက ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးအား ပစ်ခတ်သုတ်သင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့အတူ ဧပြီလ ၆ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦးကို လည်းကောင်း၊ ဧပြီလ ၇ ရက်တွင် စစ်ကောင်စီတပ်၏ စနိုက်ပါသမား ၁ ဦးအား လည်းကောင်း ပစ်ခတ်နိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။