တောင်ကြီးမြို့နယ်၌ ည မထွက်ရအမိန့်ပါ အချိန် ကန့်သတ်ချက်ကို သင်္ကြန်‌ ရောက်ရန် ရက်ပိုင်းအလိုတွင် လျှော့ချ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်၌ ည မထွက်ရအမိန့်ပါ အချိန် ကန့်သတ်ချက်ကို သင်္ကြန်‌ ရောက်ရန် ရက်ပိုင်းအလိုတွင် လျှော့ချ


ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့နယ်၌ ည မထွက်ရ အမိန့်ပါ အချိန် ကန့်သတ်ချက်ကို သင်္ကြန်‌ကာလ ရောက်ရှိရန် ရက်ပိုင်းအလိုတွင် လျှော့ချသတ်မှတ်ခဲ့သည်ဟု သိရသည်။

.

ညမထွက်ရ အမိန့်ကို ည ၁၂ နာရီ မှ နံနက် ၄ နာရီထိ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ စ၍  ပြင်ဆင် ထုတ်ပြန်ထားကြောင်း အသိပေးအပ်ပါသည်ဟု စစ်ကောင်စီ လက်အောက်ရှိ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

တောင်ကြီးမြို့နယ်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်မှ စတင်၍ ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ထားကာ ၂၀၂၁ ခုနှစ်၊ မေလ ၄ ရက်တွင် ညမထွက်ရ အမိန့်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီထိ ပြင်ဆင် သတ်မှတ်ခဲ့ပြီး‌နောက် ယခုတွင် အချိန်လျှော့ချ ပြင်ဆင်သတ်မှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

.

မူလ ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ အမိန့်တွင် စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ် တစ်မျိုးမျိုးကို အသုံးပြု၍ ဖြစ်စေ၊ လူကိုယ်တိုင် ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ခြင်းများကို မပြုလုပ်ရန်နှင့် လူ ၅ ဦး သို့မဟုတ် လူ ၅ ဦးထက် ပိုသော သူများသည် မြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူများ သွားလာလမ်း၊ လမ်းသွယ်လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများပြည်သူနှင့် ဆိုင်သောနေရာများတွင် စုဝေးခြင်း မပြုရန် အပါအဝင် ည မထွက်ရ အမိန့်ပါ ပါရှိသည်။

Journal Download

Photo of three cats