တောင်ကြီး၌ ရုပ်ရှင်ရုံဖွင့် စတင် ပြသ‌ပြီ ဖြစ်သော်လည်း ကြည့်ရှုသူ မရှိသေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး၌ ရုပ်ရှင်ရုံဖွင့် စတင် ပြသ‌ပြီ ဖြစ်သော်လည်း ကြည့်ရှုသူ မရှိသေး


ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၌ ရုပ်ရှင်ရုံ စတင် ဖွင့်လှစ် ပြသနေပြီ ဖြစ်သော်လည်း ကြည့်ရှုသူ မရှိသေးကြောင်း သိရသည်။

.

" မြသုခမှာ လူမင်းကား တင်နေတာ။ ဝေး‌မ‌နေချင်ဘူး ကား။ ရုပ်ရှင်ရုံ ဖွင့်ပေမဲ့ ကြည့်တဲ့သူ‌တော့ မရှိ‌ဘူး။ လုံးဝ မရှိတာတော့ မဟုတ်ဘူး၊ နည်းနည်းလေးပဲရယ်။ " ဟု တောင်ကြီးမြို့ခံ တစ်ဦးက ပြောသည်။

.

အာဏာသိမ်း စစ်ကောင်စီမှ ယမန်နေ့ ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့) မှ စတင်၍ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများကို ပြန်လည် ဖွင့်လှစ်‌စေ၍ စတင် ပြသရန် စီစဉ်ထားသော်လည်း ကြည့်ရှုသူ အနည်းငယ်သာ ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

.

" ရုပ်ရှင်ဆိုတာ အရင်တည်းက လူငယ်တွေပဲ အကြည့် များကြတာ။ အခုလို အခြေအနေမျိုးမှာ ဘယ် လူငယ်ကမှ ရုပ်ရှင် သွားကြည့်မှာ မဟုတ်ဘူး။ ကျွန်မကတော့ လူမင်း မကလို့ မင်းမော်ကွန်း ဆိုလည်း ကြည့်မှာ မဟုတ်ဘူး။ လူငယ်တွေက ထောင်ထဲ ရောက်နေသူနဲ့ တောထဲ ရောက်နေသူနဲ့။ တချို့ကြတော့လည်း စိတ်ဒဏ်ရာတွေနဲ့လေ။ " ဟု တောင်ကြီးဒေသခံ လူငယ် အမျိုးသမီး တစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့ အပါအဝင် တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် မကြာသေးမီက အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူ သရုပ်ဆောင် လူမင်း အပါအဝင် နေမင်း၊ ရွှေမှုံရတီ တို့ ပါဝင် သရုပ်ဆောင်ထားသည့် ဝေးမနေချင်ဘူး ဇာတ်ကားအား ရုံတင် ပြသနေလျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats