ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ ဇဝနာရာမစာသင်တိုက် ဆရာတော် က COVID-19 ကပ်ရောဂါ ကာလ ဖြစ်သည့်အတွက် လာရောက်ကန်တော့ခြင်းအား သည်းခံကြရန် ယနေ့ ဧပြီလ ၁၁ ရက်တွင် မေတ္တာရပ်ခံစာ ထုတ်ပြန်ထားသည်။
.
" ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေသော အချိန်ကာလ ဖြစ်၍ သံဃာဝောာ်များနှင့် ဒါယကာ ဒါယိကာမများက ဆရာတော်ထံ လာရောက် ကန်တော့ခြင်း - စသည်များ သည်းခံကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ " ဟု ဆရာတော် ဦးကောဝိဒ က မေတ္တာရပ်ခံစာ ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
အဆိုပါ ဇဝနာရာမစာသင်တိုက်တွင် ဆီဆိုင်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် အောက်ဆီဂျင် လိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရန် အတွက် အောက်ဆီဂျင်စက်ရုံ တည်ဆောက်၍ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ စတင်၍ ဖြန့်ဖြူးပေးလျက် ရှိသည့်အပြင် ကရင်နီ (ကယား) ပြည်နယ်မှ စစ်ရှောင်ပြည်သူများ ခိုလှုံရန် လက်ခံထားကြောင်း သိရသည်။