တောင်ကြီး၌ မိုး သည်းထန်စွာ ရွာသွန်းပြီး မိုးသီးများပါ ကြွေကျ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး၌ မိုး သည်းထန်စွာ ရွာသွန်းပြီး မိုးသီးများပါ ကြွေကျ




တောင်ကြီးမြို့၌ ယနေ့ ဧပြီလ ၂၉ ရက်၊ နေ့လယ်ပိုင်းတွင် မိုး သည်းထန်စွာ ရွာသွန်းပြီး မိုးသီးများ ပါ ကျခဲ့သည်ဟု သိရသည်။


" မိုးသီးတွေလည်း ပါတယ်၊ ထိခိုက်တာ ဘာညာတော့ မတွေ့ရဘူး။ ခုထိ ရွာနေတုန်းပဲ တအားကြီးတော့ မသည်းတော့ဘူး။ စောစောတုန်းကတော့ မိုး တအား ကြီးတယ်။  တစ်ညလုံး ရွာမလားပဲ။" ဟု ဒေသခံ တစ်ဦးက ပြောသည်။

.

ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်၊ ညနေပိုင်းကလည်း တောင်ကြီးမြို့တွင် မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ပျက်ဆီးမှု အချို့ ရှိခဲ့သည်ဟု သိရသည်။

Journal Download

Photo of three cats