တောင်ကြီးမြို့မှ အသက် ၂၀ အရွယ် လူငယ် တစ်ဦး ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့မှ အသက် ၂၀ အရွယ် လူငယ် တစ်ဦး ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရ


တောင်ကြီးမြို့မှ အသက် ၂၀ အရွယ် လူငယ် တစ်ဦး ဖြစ်သည့် ကိုကျော်ဇင်ခန့် ကို စစ်ကောင်စီ တရားရုံးက ယမန်နေ့ ဧပြီလ ၅ ရက်တွင် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့သည်ဟု သိရသည်။

.

" သူ့အသက်က အခုမှ ၂၀ ပဲဲ ရှိသေးတယ်။ ပုဒ်မ ၅၁ က နှစ်မှု၊ ၅၀၅ က တစ်မှုနဲ့ တရားစွဲခံရတာပါ။ " ဟု ကိုကျော်ဇင်ခန့် ၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

.

ကိုကျော်ဇင်ခန့် သည် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၈)တွင် နေထိုင်သူ ဖြစ်ကာ အေးသာယာမြို့၌ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရသူ ဖြစ်ကာ ဖမ်းဆီး ခံရစဉ်က ညှင်းပန်းနှိပ်စက်မှု ခံခဲ့ရသည်ဟုလည်း ဆိုသည်။

.

၎င်းအား ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံး) တွင် ၉ လခန့်အကြာ ချုပ်နှောင်ထားပြီး‌နောက် ထောင်ဒဏ် နှစ် ၃၀ ကျခံရန် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats