ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၌ ယနေ့ ဧပြီလ ၁၅ ရက် (သင်္ကြန်အကြတ်နေ့) တွင်လည်း ရေပက် ကစားသူ မရှိဘဲ ဘုရားသွား၊ ကျောင်းတက် (ဘုန်းတော်ကြီးကျောင်းသို့ သွားရောက် လှူဒါန်း သီလယူခြင်း) သူများသာ ရှိကြောင်း သိရသည်။
.
" အရင် နေ့တွေလိုပဲ ရေကစားတဲ့သူ မရှိဘူး။ တချို့တလေတွေတော့လည်း ရှိတာပေါ့။ အဲလူတွေကလည်း မြို့ခံတွေ မဟုတ်ဘူး၊ ဧည့်သည်တွေပေါ့။ ဒီမှာ လာလည်ရင်း ရေ ကစားကြတာ။ မြို့ခံတွေက တချို့ ဘုရားသွား၊ ကျောင်းတက်သူတွေ ရှိတယ်။ ရေ မကစားပေမဲ့ ဘာသာရေးတော့ လုပ်ကြတယ်ပေါ့။ စကစ မဏ္ဍပ်ကတော့ သူတို့လူနဲ့ သူတို့ ပုံမှန်အတိုင်းပဲ။ " ဟု တောင်ကြီးမြို့ခံ တစ်ဦးက ပြောသည်။
.
ယနေ့ သင်္ကြန်အကြတ်နေ့သည် လပြည့်နေ့ ဖြစ်သည့် အားလျော်စွာ ဗုဒ္ဓဘာသာ အစဉ်အလာအရ အလှူအတန်း ပြုလုပ်၍ သီလဆောက်တည် ကုသိုလ်ယူခြင်းသာ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။