ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဖက်ခြမ်း၌ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘာသာရေး အဆောက်အဦနှင့် လူနေအိမ်အချို့ ကျည် ထိမှန်ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
ငွေတောင်အခြေစိုက် စစ်ကောင်းစီတပ်က ယနေ့ ဧပြီလ ၁၉ ရက်၊ နံနက် ၃ နာရီခန့်တွင် တာဝေးပစ်လက်နက်ကြီးဖြင့် ၁၅ လုံးထက် မနည်း ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး နောင်ပုလဲကျေးရွာအုပ်စု၊ လေးမိုင်ယပ်ခူကျေးရွာရှိ ဗုဒ္ဓဘုန်းကြီးကျောင်းအား လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုအပြင် ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းတွင်လည်း ယမန်နေ့ ဧပြီလ ၁၈ ရက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၁၀ လုံးထက် မနည်း ပစ်ခတ်ခဲ့သဖြင့် ဒေသခံ ပြည်သူနေအိမ် ၃ လုံးခန့် ကျည်ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီတပ်သည် တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ ပြည်သူနေအိမ်များကို နေ့စဥ် မီးရှို့ ဖျက်စီးခဲ့သည့်အပြင် လက်နက်ကြီးဖြင့်ပါ ပစ်ခတ်မှုများ ပြုလုပ်နေခြင်း ဖြစ်ကာ ဘာသာရေး အဆောက်အဦ ၁၆ လုံးထိ ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။