စစ်ကောင်စီ လွတ်ငြိမ်း ညောင်ရွှေထောင်မှ နိုင်/ကျဉ်း မဟုတ်သူ ၇ ဦးသာ ပါဝင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီ လွတ်ငြိမ်း ညောင်ရွှေထောင်မှ နိုင်/ကျဉ်း မဟုတ်သူ ၇ ဦးသာ ပါဝင်


အာဏာသိမ်း စစ်ကောင်စီက ယနေ့ ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်)နေ့တွင် ထုတ်ပြန်ခဲ့သည့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အရ ပြန်လွှတ်မည့်သူ စာရင်းတွင် ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံး) ထောင်မှ နိုင်ငံရေးအကျဉ်းသား မဟုတ်သူ ၇ ဦးသာ ပါဝင်သည်ဟု သိရသည်။

.

" အရင် ပြည်ထောင်စုနေ့တုန်းကလိုပဲ။ နိုင်ငံရေးအကျဉ်းသားတွေ မပါဘူး၊ ၇ ဦးပဲ။ အဲဒီ ၇ ဦးကလည်း လွတ်ဖို့ ၆ လအောက် ရှိတဲ့သူတွေကိုပဲ လွှတ်တာ။ " ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

.

ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် အသီးသီးမှ ဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်းသား/သူနှင့် အချုပ်သား/သူ စုစုပေါင်း ၂၃၀ ဦးကျော်ခန့်သည် ညောင်‌ရွှေအကျဉ်းထောင်တွင် ဆက်လက် ချုပ်နှောင်ခံထားရဆဲ ဖြစ်ကြောင်း သိရသည်။

.

နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ယခုကျခံရန် ကျန်နေသည့် ပြစ်ဒဏ်ကိုပါ ဆက်လက် ကျခံစေရမည်ဆိုသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် အကျဥ်းသား/သူ ၁၅၇၇ ဦးနှင့် နိုင်ငံခြားသား အကျဥ်းသား/သူ ၄၂ ဦးကို လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီက အမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Journal Download

Photo of three cats