စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်း မပေါက်ကြားရေး ညွှန်ကြားသည့် ရဲကြေးနန်းစာ ထပ်မံပေါက်ကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်း မပေါက်ကြားရေး ညွှန်ကြားသည့် ရဲကြေးနန်းစာ ထပ်မံပေါက်ကြား


စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ သတင်း မပေါက်ကြားရေး ညွှန်ကြားသည့် ရဲကြေးနန်းစာ ယနေ့ ဧပြီလ ၁ ရက်တွင် ထပ်မံ ပေါက်ကြားလာသည်ကို တွေ့ရသည်။

.

အချို့သော ညွှန်ကြားစာများ၊ ရုံးစာများသည် ပေါက်ကြားလျက် ရှိကာ လူမှုကွန်ရက်သို့ ရောက်ရှိလျက် ရှိသည်ကို တွေ့ရှိရသဖြင့် ညွန်ကြားစာများ ပေါက်ကြားမှု မရှိစေရေး ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးဌာနမှ ညွန်ကြားမှုအား ထပ်ဆင့် ညွန်ကြားသည့် ရဲကြေးနန်းစာ ထပ်မံ ပေါက်ကြားလာခြင်း ဖြစ်သည်။

.

ထို့အတူ ပြည်နယ်/တိုင်း ရဲတပ်ဖွဲ့မှူးများမှ ထူးခြားဖြစ်စဉ်များ တင်ပြရာတွင် ပြည်ထဲရေးဝန်ကြီးထံသို့ တိုက်ရိုက် သော်လည်းကောင်း၊ PSO ထံသို့ သော်လည်းကောင်း ဖုန်းဖြင့် ကနဦး တင်ပြပြီး ၂၄ နာရီအတွင်း စာဖြင့် တင်ပြရန်နှင့် တင်ပြမည့် စာအား တာဝန်မှူးရုံးခန်း ဖက်စ်ဖုန်းသို့ နေ့စဉ် ၆ နာရီအရောက် တင်ပြရန် ညွှန်ကြားထားသည်ကိုလည်း ယင်းကြေးနန်းစာတွင် တွေ့ရသည်။

Journal Download

Photo of three cats