ကရင်နီ လက်နက်ကိုင်တော်လှန်ရေး ၆ ဖွဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု - အပတ်စဉ် (B) ယမန်နေ့ ဧပြီလ ၁၇ ရက်က အောင်မြင်စွာ ပြီးမြောက်ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)က ထုတ်ပြန်သည်။
.
စည်းလုံးမှု စနစ်ကျ စည်းကမ်းရှိသော ကရင်နီတော်လှန်ရေးတပ်ပေါင်းစု အဖြစ် ရပ်တည်ပြီး စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ရေးအတွက် တိုက်ပွဲဝင်သွားမည်ဟု KRU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ကို Karenni Generation-Z(KGZ), Karenni Democratic Front(KDF) , Fight for Justice(JPDF) , GZ-21(Loikaw) , Medic Unit , Southern Shan People Defense Force (SSPDF) စသည့် တပ်ဖွဲ့များဖြင့် ဧပြီလ ၆ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။