ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်း နင်းမိ၍ ပြည်သူတစ်ဦး အပြင်းအထန် ဒဏ်ရာရကြောင်း YUG ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်း နင်းမိ၍ ပြည်သူတစ်ဦး အပြင်းအထန် ဒဏ်ရာရကြောင်း YUG ထုတ်ပြန်


ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာ အနီး တောခြံအသွား လမ်း၌ PDF များ ရှိသည် အထင်ဖြင့် စစ်‌ကောင်စီတပ်က ထောင်ထားသည့် မိုင်းကို မတ်လ ၇ ရက်တွင် ပြည်သူတစ်ဦး နင်းမိခဲ့သဖြင့် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့ကြောင်း ရွာငံမြို့ပြ ပြောက်ကျားတပ်ဖွဲ့ (YUG)၏ ထုတ်ပြန်ချက်အရ သိရသည်။

.

အဆိုပါ မိုင်း နင်းမိသူမှာ နွားဘန်ကြီးကျေးရွာနေ (ကိုထွေး ဆိုသူ ဖြစ်ပြီး မိုင်းကြောင်ဘ ခန္ဓာကိုယ် အောက်ပိုင်းတွင် အပြင်းထန် ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

.

ထို့အတူ နွားဘန်းကြီးကျေးရွာ မြောက်ရွာအတွင်းနေထိုင်သူ ကြင်အောင် ဆိုသူသည် မတ်လ ၁၂ ရက်တွင် သေနတ်ဖြင့် ပစ်သတ်ခံသည်ဟု သိရပြီး ယင်းလုပ်ရပ်ကို ၎င်းတို့ လုပ်ဆောင်ခြင်း မရှိကြောင်း ထုတ်ပြန်ထားသည်။

ရွာငံမြို့နယ် တစ်ဝိုက်၌ လက်ရှိ ဖြစ်ပွားခဲ့သောပေါက်ကွဲမှုများသည် YUG နှင့် သက်ဆိုင်ခြင်း လုံးဝ (လုံးဝ) မရှိဘဲ စစ်ကောင်စီ နှင့် စစ်ကောင်စီလက်အောက်ခံများကိုသာ ပစ်မှတ်ထား တိုက်ခိုက်သွားမည် ဖြစ်ပြီး ‌လုပ်ဆောင်ချက်များကို အများပြည်သူ သိရှိနိုင်ရန် YUG Page တွင် အသိပေးသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats