အောင်ပန်း၌ အ‌ဝေးထိန်း ဗုံး ထည့်ထားသော စက္ကူပုံးကို ပြည်သူတစ်ဦး ကောက်ယူသွားသဖြင့် သက်မဲ့ဗုံး အဖြစ် ပြောင်းလဲခဲ့ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်း၌ အ‌ဝေးထိန်း ဗုံး ထည့်ထားသော စက္ကူပုံးကို ပြည်သူတစ်ဦး ကောက်ယူသွားသဖြင့် သက်မဲ့ဗုံး အဖြစ် ပြောင်းလဲခဲ့ရ


အောင်ပန်းမြို့ပြပြောက်ကျားတပ်စု(UTF-ABN) က ယနေ့ မတ်လ ၄ ရက်၊ နေ့လယ်ပိုင်းတွင် အောင်ပန်းမြို့ ဦးသန့်လမ်းဆုံ၌ စစ်ကောင်စီအား သတိပေးသော စာနှင့်အတူ အဝေးထိန်း ဗုံးတစ်လုံးကို စက္ကူပုံးအတွင်း ထည့်၍ ချထားခဲ့ရာ ပြည်သူတစ်ဦးမှ ယင်းစက္ကူပုံးအား ကောက်ယူသွားခဲ့သောကြောင့် သက်မဲ့ဗုံး အဖြစ် ပြောင်းလဲခဲ့ရသည်ဟု သိရသည်။

.

" ပြည်သူ တစ်ဦးမှ အမှိုက်ဟု ထင်ပြီး လမ်းပေါ်မှ ကောက်ယူသွားသည့်အတွက် မိမိတို့ အနေဖြင့် ယင်းဗုံးအား ပြည်သူ ထိခိုက်မည်ကို စိုးရိမ်သည့်အတွက် အသက်မဲ့ဗုံး အဖြစ်သို့ ပြောင်းလဲ ခဲ့ပါသည်။" ဟု UTF-ABN က ထုတ်ပြန်သည်။


အဆိုပါ အဝေးထိန်းဗုံး ထည့်ထားသည့် စက္ကူပုံးအား ကောက်သွားသူ ပြည်သူမှာ ဘေးကင်းကြောင်းနှင့် ပြည်သူများအနေဖြင့် လမ်းပေါ်တွင် မသင်္ကာဖွယ်ရာများ တွေ့ရှိပါက မကောက်ယူဘဲ အန္တာရာယ်ဖြစ်စေမည့် အရာများကို ရှောင်ကြဉ်ကြရန်ကိုလည်း UTF-ABN က သတိပေးထားသည်။

Journal Download

Photo of three cats