တောင်ကြီးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) နှင့် ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG) နှင့် ပူးပေါင်းတပ်ဖွဲ့ ၏ မွမ်းမံသင်တန်း အပတ်စဉ် (၄) အောင်မြင်စွာ ပြီးမြောက်ကြောင်း ယင်းအဖွဲ့များက ယနေ့ မတ်လ ၂၁ ရက်တွင် ထုတ်ပြန်သည်။
.
မွမ်းမံသင်တန်း ပြီးမြောက်ကြောင်းအား သင်တန်း လေ့ကျင့်မှု မှတ်တမ်းဓါတ်ပုံများနှင့် တကွ ထုတ်ပြန်လာခြင်း ဖြစ်ပြီး မြို့နယ်ဒေသအလိုက် စစ်အာဏာရှင် တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ စစ်အာဏာရှင် အမြစ်ပြတ်သည်ထိ တိုက်ထုတ်သွားမည်ဟု ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ်အချို့၌ ယခုရက်ပိုင်းအတွင်း TPDF နှင့် YUG တို့ အပါအဝင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက မြို့ပြပြောက်ကျားစစ် အသွင်ဖြင့် စစ်ဆင်ရေးများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။