မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်) အမျိုးသားပါတီ ဥက္ကဌ မိုင်းနုမ်ဟန် အပါအဝင် ၎င်း၏ ဇနီးနှင့် ၇ လအရွယ် သမီးဖြစ်သူတို့ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ (TPCC) နှင့် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) တို့က မတ်လ ၁၃ ရက်တွင် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။
.
အသက် ၃၉ နှစ် အရွယ် မိုင်းနုမ်ဟန် ၊ ၎င်း၏ အမျိုးသမီး အသက် ၂၆ နှစ်အရွယ် လွေးအေးခ၊ ၊ သမီးဖြစ်သူ ၇ လအရွယ် လွေးဆဲင်ပပ္လါင် တို့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်တွင် တုံလောကျေးရွာအထွက် RCSS စစ်ဆေးရေးဂိတ် စခန်း၌ ဖမ်းဆီးခံရပြီးနောက် တောတွင်းရှိ ကျွင်းကြီး တစ်ခုအတွင်း ပစ်ခတ် သတ်ဖြတ် ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုင်းနုမ်ဟန်နှင့် မိသားစုဝင်များ၏ ရုပ်အလောင်းများကို ခက်ခက်ခဲခဲ သယ်ဆောင်၍ ပန်ပွဲရွာ အနီးရှိ တောင်ယာ တစ်ခု၌ လူထောင်ချီက မတ်လ ၁၃ ရက်တွင် သွားရောက် သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။
.
ထို့အပြင် မိုင်းနုမ်ဟန်ကို တောင်ပိုင်းရှိ တအာင်းတို့၏ အာဇာနည်သူရဲကောင်းအဖြစ် ဝိုင်းဝန်းသတ်မှတ်ခဲ့ကြပြီး အာဇာနည်ဗိမ္မာန်ကို မိုင်းနုမ်ဟန်၏ ဇာတိဖြစ်သည့် မတ်ချိနုကျေးရွာအနီး၌ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။