စစ်ပွဲများကြားတွင် အသက် ဆုံးရှူံးခဲ့ရသော လူငယ်များနှင့် ပြည်သူများအတွက် ဝမ်းနည်းသည့် အနေဖြင့် သော်လည်းကောင်း၊ အမှောင်ထုကြား ရောက်ရှိနေသော ရှမ်းလူငယ်ထု အနာဂတ်အတွက်သော်လည်းကောင်း ပြည်သူများအနေဖြင့် Tai Youth Day Campaign တွင် ပါဝင် ဆောင်ရွက်ကြရန် Tai Youth Yangon က ယနေ့ မတ်လ ၁ ရက်တွင် တိုက်တွန်း နှိုးဆော်ထားသည်။
.
မတ်လ ၁ ရက်သည် Tai Youth Day သျှမ်းလူငယ်များနေ့ ဖြစ်ပြီး လူမှုကွန်ယက်အကောင့် Profile များကို Black profile ပုံများ ပြောင်းလဲခြင်း နှင့် ည ၆ နာရီခွဲ အချိန်တွင် ဖယောင်းတိုင်ထွန်း ဆုတောင်းမေတ္တာပို့သခြင်းများ ပြုလုပ်ရန်နှင့် Black profile များ ပြောင်းလဲရာတွင် နှစ်သက်ရာ စာသားမျာနှင့်အတူ #StopthewarinShanStae ဟူသော hsatag ကို ထည့်သွင်းကာ ပြောင်းလဲချင်းဖြင့် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ရေးကို ရည်ရွယ်၍ Youth Day Campaign တွင် ပါဝင်ရန် တိုက်တွန်းထားခြင်း ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရှမ်းလူငယ် ၇၀ ရာခိုင်နှုန်းခန့်နှင့် ပြည်နယ်တွင်းမှ အရပ်သား ပြည်သူများ အသက် ဆုံးရှုံးခဲ့ရပြီး လက်ရှိ အချိန်တွင် ရှမ်းလူငယ်ထု၏ အနာဂတ်သည် အမှောင်ထုထဲတွင် ရောက်ရှိနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
အဆိုပါ Campaign တွင် ပါဝင်သူများ အနေဖြင့် Black profile ကို မတ်လ ၁ ရက်မှ ၅ ရက်ထိ ငါးရက်တိတိ ပြောင်းလဲထားကြရန်ကိုလည်း Tai Youth Yangon က မေတ္တာရပ်ခံထားသည်။