အပစ်ရပ်အဖွဲ့များနှင့် အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံနိုင်ရေး ကြိုးပမ်းနေသည်ဟု PPST အလုပ်အဖွဲ့ ခေါင်းဆောင် ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

အပစ်ရပ်အဖွဲ့များနှင့် အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံနိုင်ရေး ကြိုးပမ်းနေသည်ဟု PPST အလုပ်အဖွဲ့ ခေါင်းဆောင် ပြော

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် အာဆီယံ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံနိုင်ရေး ကြိုးပမ်းနေသည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အလုပ်အဖွဲ့ ခေါင်းဆောင် က ပြောဆိုခဲ့သည်။

.

ယမန်နေ့ မတ်လ ၁၁ ရက်တွင် ပြုလုပ်သည့် PPST အစည်းအဝေး (၂၅/၂၀၂၂) ၌ အဖွင့်မိန့်ခွန်း ပြောဆိုရာ အလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်း က ယင်းကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

.

" အာဆီယံ အထူးကိုယ်စားလှယ်က မိမိတို့ NCA-S EAO တို့နဲ့ တွေ့ဆုံဖို့ ရှိကြောင်း ကြားသိရပါတယ်။ မိမိတို့ NCA-S EAO တို့ အနေနဲ့ အာဆီယံ အထူးကိုယ်စားလှယ်က တွေ့ဆုံလိုခြင်းနဲ့ ပတ်သက်လို့ ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ တွေ့ဆုံနိုင်ရေး အတွက်လည်း ကြိုးပမ်း စီစဉ် ဆောင်ရွက်နေပါတယ်။" ဟု နိုင်အောင်မင်းက ပြောသည်။


အဆိုပါ PPST အစည်းအဝေးတွင် အထွေထွေနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးအတွက် နိုင်ငံတကာ၏ ကြိုးပမ်းမှုများ ဖြစ်သည့် အာဆီယံအထူးကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံအထူးကိုယ်စားလှယ်၏ ပြည်တွင်းခရီးစဉ်ကိစ္စများကိုလည်း သုံးသပ်ဆွေးနွေးရန် ရှိ‌ကြောင်းကိုလည်း ၎င်းက ပြောဆိုခဲ့သေးသည်။

.

NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှာ ABSDF ၊ ALP ၊ CNF ၊ DKBA ၊ KNU ၊ KNU/ KNLA PC ၊ PNLO ၊ RCSS/ SSA ၊ NMSP နှင့် LDU တို့ ဖြစ်သည်။

.

အာဆီယံ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး ပရက်ဆော့ခွန်း သည် လာမည့် မတ်လ ၂၀ ရက်တွင် မြန်မာနိုင်ငံသို့ ၃ ရက်ကြာ လာရောက်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats