လာမည့် မတ်လ ၁၆ ရက် (တပေါင်းလပြည့်နေ့) တွင် ကျရောက်မည့် ၇၃ ကြိမ်မြောက် ပအိုဝ်း အမျိုးသားနေ့ အခမ်းအနားကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) မှ ကြီးမှူး ကျင်းပမည် ဖြစ်ကြောင်း ယနေ့တွင် ထုတ်ပြန် ကြေညာသည်။
.
စစ်အာဏာရှင်စနစ် လက်အောက်တွင် ကျရောက်နေသည့် ပအိုဝ်းအမျိုးသားနေ့သည် ပအိုဝ်း တစ်မျိုးသားလုံး၏ လွတ်မြောက်ရေးအတွက် တွန်းလှန် ရုန်းကန်ကြရမည် ဖြစ်သောကြောင့် PNFC မှ ကြီးမှူး ကျင်းပမည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားတွင် ပအိုဝ်း အမျိုးသားအလံတော်အား လွှင့်ထူလျက် စည်းလုံးညီညွတ်စွာ ပူးပေါင်း ပါဝင်နိုင်ရန်နှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် ပူးပေါင်းပါဝင် တော်လှန်ရန်ကိုလည်း တိုက်တွန်း နှိုးဆော်ထားသည်။