ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ရဲစခန်း အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ယမန်နေ့ မတ်လ ၃၀ ရက်၊ နေ့လယ်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
.
ဖရူဆို PDF ၊ KNDF B-04 ၊ DMO-PDF တပ်ရင်း (A,B,D,G)၊ အလယ်ပိုင်းတိုင်း (၁၁၀၁) နှင့် နည်းပညာ လက်ရုံးတပ် CTU စသည့် မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲမှာ တစ်နာရီကျော်ခန့် ကြာမြင့်ခဲ့သည်ဟု PDF Hpruso က ထုတ်ပြန်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိ အပါအဝင် ၈ ဦး သေဆုံး၍ အများအပြား ဒဏ်ရာ ရရှိခဲ့ပြီး PDF ဘက်မှ အထိအခိုက် မရှိကြောင်း ထုတ်ချက်အရ သိရသည်။