ရပ်စောက်မြို့နယ်၌ PDF အတွက် အလှူငွေ ကောက်ခံပေးသည်ဟု ဆိုကာ အမျိုးသား လူငယ်တစ်ဦးကို စစ်ကောင်စီက မတ်လ ၃ ရက်တွင် ဖမ်းဆီးသွားကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးခံရသူမှာ ရပ်စောက်မြို့နယ်၊ မြေနီကုန်းကျေးရွာနေ ကိုကျော်စွာဝင်း ဖြစ်ပြီး PDF အတွက် Wave Pay ဖြင့် အလှူငွေ ကောက်ခံပေးသည်ဟု သတင်းပေးများ၏ တိုင်တန်းမှုကြောင့် ဖမ်းဆီး ခံရခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းတောင်ရှိ မြို့နယ်အလိုက် ထောက်ပို့စာရင်းများကို စစ်ကောင်စီဘက်က ရရှိထားပြီး KBZPay ၊ Wave Pay စာရင်းအချို့ ပေါက်ကြားမှု ရှိနေသည်ဟု တောင်ကြီးနွေဦးချယ်နယ်က ယနေ့ နံနက်ပိုင်းတွင် တပ်တွင်း သတင်းပေး၏ ပြောဆိုမှုကို အခြေခံကာ သတိပေးထားသည်ကို တွေ့ရသည်။