နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နှစ်ရက်အတွင်း စစ်ကောင်စီဘက်က စစ်ကြောင်းမှုးအပါ ၄၀ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
.
ပြီးခဲ့သည့် မတ်လ ၁၃ ရက်တွင် ဖြစ်ပွားခဲ့သည် တိုက်ပွဲတွင် စစ်ကောင်စီ၏ စစ်ကြောင်းမှူး အပါအဝင် ၂၅ ဦးကျော် သေဆုံးကာ ၁၅ ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အတူ မတ်လ ၁၄ ရက်၊ နံနက် ၆ နာရီကျော်က ဖြစ်ပွားခဲ့သော ရင်ဆိုင်တိုက်ပွဲတွင်လည်း စစ်ကောင်စီ တပ်သားများ အကျအရှုံး များလာသဖြင့် ရဟတ်ယာဉ် ၂ စီး အကူအညီ ခေါ်ကာ ဗုံးသီးအလုံး ၃၀ ခန့် ကြဲချခြင်း၊ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်သားများ အထိအခိုက် မရှိဘဲ ရင်ဆိုင် တိုက်ခိုက်နိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။