တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းရှိ Mytel ရုံးရှေ့၌ ရပ်ထားသည့် မော်တော်ဆိုင်ကယ် တစ်စီး ပြီးခဲ့သည့် မတ်လ ၁၅ ရက်၊ နေ့လယ်ပိုင်းတွင် ခိုးယူခံရကြောင်း သိရသည်။
.
အဆိုပါ Mytel ရုံးသည် ပြည်သူ့ကာကွယ်ရေး တပ်များ၏ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ အဖွဲ့ဝင်များနှင့် ရုံးဝန်ထမ်းများက လုံခြုံရေးတင်းကြပ်စွာ ဆောင်ရွက်နေသည့် နေရာတစ်ခု ဖြစ်ပြီး CCTV များလည်း တပ်ဆင်ထားကြောင်း သိရသည်။
.
ယင်းကဲ့သို့ ဆိုင်ကယ် ခိုးယူခံရသည့် CCTV မှတ်တမ်းများ ရှိသော်လည်း ယနေ့အချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးဘဲ တောင်ကြီးမြို့၌ အလားတူမော်တော်ဆိုင်ကယ် ခိုးယူခံရမှုများ မကြာခဏ ဖြစ်ပွားနေလျက် ရှိသည်။