ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပဲယင်းတောင်ကျေးရွာရှိ အာဏာသိမ်း စစ်ကောင်စီပိုင် Mytel တာဝါတိုင်ကို ဖေဖော်ဝါရီလ ၂၈ ရက်၊ ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲ မီးရှို့ဖျက်ဆီးခဲ့သည်ဟု SSPDF ကထုတ်ပြန်သည်။
.
အဆိုပါ ဖောက်ခွဲ မီးရှို့ဖျက်ဆီးမှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ SSPDF (ရှမ်းပြည်တောင်ပိုင်း) နှင့် ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ပြီး ပြည်သူများ အနေဖြင့် စစ်အာဏာရှင်တို့၏ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ဆက်နွယ်မှုများ မပြုလုပ်ရန် စစ်အာဏာရှင်ကို ဆက်လက် တော်လှန်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။