MNDAA (ကိုးကန့်တပ်) တည်ထောင်သူ ဦးဖုန်ကြားရှင်၏ ဈာပနသို့ NUG ဒုဝန်ကြီး ၂ ဦး တက်ရောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

MNDAA (ကိုးကန့်တပ်) တည်ထောင်သူ ဦးဖုန်ကြားရှင်၏ ဈာပနသို့ NUG ဒုဝန်ကြီး ၂ ဦး တက်ရောက်


ကိုးကန့်တပ်ဟု လူသိများသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တည်ထောင်သူ၊ ဥက္ကဌဟောင်း ဦးဖုန်ကြားရှင် ၏ ဈာပနအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ဒုဝန်ကြီး ၂ ဦး ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

.

NUG ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီး ခွန်းဘီထူး၊ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးချစ်ထွန်းတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ခြင်း ဖြစ်ပြီး ဦးဖုန်ကြားရှင် ကွယ်လွန်ခဲ့ခြင်းအတွက် တော်လှန်ရေး အင်အားစုများနှင့်ထပ်တူ ဝမ်းနည်း ပူဆွေးရကြောင်းနှင့် နှစ်ပေါင်း များစွာကြာ တော်လှန်ရေးခရီးလမ်းကို လျှောက်လှမ်းခဲ့သည့် ဦးဖုန်ကြားရှင် ကောင်းမွန်စွာ အနားယူနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်သည်ဟု NUG က ယနေ့ မတ်လ ၃၁ ရက်တွင် ထုတ်ပြန်သည်။


ဦးဖုန်ကြားရှင် သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်က ကွယ်လွန်ခဲ့ခြင်း ဖြစ်ကာ ဈာပန အခမ်းအနားကို မတ်လ ၂၉ ရက်မှ ၃၁ ရက်အထိ အထူးဒေသ(၄)၊ မိုင်းလားမြို့၌ ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်(KNDF) ခေါင်းဆောင်များ တက်ရောက်ခဲ့သည့်အပြင် အာဏာသိမ်း စစ်ကောင်စီ၏ ကိုယ်စားလှယ် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးလည်း တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

Journal Download

Photo of three cats