KNU - မူတြော်ခရိုင်ရှိ ကျေးရွာများ အတွင်းသို့ စစ်ကောင်စီတပ်က ယနေ့ မတ်လ ၂၇ ရက်၊ နံနက် ၂ နာရီခန့်တွင် လေယဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
.
မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုအတွင်းရှိ ဒေဘုနိုရွာ၏ အထက်တန်း ကျောင်းဝင်းဟောင်းနှင့် ထီးလေးကွီးကျေးရွာများ အတွင်းသို့ စစ်ကောင်စီက တိုက်လေယဉ် ၂ စီးဖြင့် ဗုံး တစ်လုံးစီ လာရောက်ကြဲချခဲ့ရာ ပြည်သူပိုင် နေအိမ်အချို့ ထိခိုက် ပျက်စီးခဲ့ရသည်ဟု KNU က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စစ်ကောင်စီ လေယဉ်ဖြင့် ဗုံးကြဲခဲ့သည့် ကျေးရွာများသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက် (စစ်ကောင်စီ တပ်မတော်နေ့) ကလည်း လေယာဉ်ဖြင့် ဗုံးကြဲခံခဲ့ရကြောင်း သိရသည်။