KNU နှင့် စစ်ကောင်စီတပ် တစ်ရက်အတွင်း တိုက်ပွဲ ၂ ကြိမ် ဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

KNU နှင့် စစ်ကောင်စီတပ် တစ်ရက်အတွင်း တိုက်ပွဲ ၂ ကြိမ် ဖြစ်


ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) တွင် KNU နှင့် စစ်ကောင်စီတပ် တစ်ရက်အတွင်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

ယနေ့ မတ်လ ၂၁ ရက်၊ နံနက် ၈ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီ၏ ခုတ်ခွါး တောင်ပေါ် အခြေစိုက် ခမရ(၄၃၂) တပ်နှင့် KNU တပ်မဟာ(၆) တပ်ဖွဲ့များ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် အပြင် နံနက် ၁၀ နာရီခွဲတွင် သုံးတိုင်ရွာအနီး၌ စစ်ကောင်စီ ခမရ (၂၈၃) တပ်နှင့် KNU တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့သည်ဟု KNU က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ တိုက်ပွဲများ၌ ထိခိုက် ကျဆုံးမှု ရှိ/မရှိ အခြေအနေကိုမူ ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်း မရှိပေ။

.

ပြီးခဲ့သည့် မတ်လ ၁၉ ရက်ကလည်း စစ်ကောင်စီ၏ ခမရ (၄၃၂) တပ်နှင့် KNU တပ်ဖွဲ့များ မိနစ် အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၂ ဦး သေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်သည် အဆိုပါ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အာရှလမ်းဆုံရှိ နို့တော်ပလာမှ KNU ဂိတ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU က ထုတ်ပြန်ခဲ့သည်။

Journal Download

Photo of three cats