ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး ထွက်ခွာကြရန် KNU အသိပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး ထွက်ခွာကြရန် KNU အသိပေး


ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီ၏ လက်အောက်တွင် တာဝန် ထမ်းဆောင်နေသော အရပ်ဖက်ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများအားလုံး ထွက်ခွာသွားကြရန်နှင့် ဒေသခံ၊ မြို့ခံဝန်ထမ်းများသည်လည်း  စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်ခြင်းမှ နုတ်ထွက်ရန် KNU-ကရင်အမျိုးသားအစည်းအရုံး၊ ကောကရိတ်မြို့နယ် အမြဲတမ်း‌ကော်မတီက အသိပေး ထုတ်ပြန်ထားသည်။

.

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ကောကရိတ်မြို့နယ် အမြဲတမ်း‌ကော်မတီက မတ်လ ၁၇ ရက် ရက်စွဲဖြင့် ယင်းကဲ့သို့ အသိပေးစာကို ထုတ်ပြန်ထားခြင်း ဖြစ်ပြီးလိုက်နာမှု မရှိဘဲ ပျက်ကွက်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို တာဝန်ယူနိုင်မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုနှင့် မှားယွင်းသော လုပ်ရပ်များကို ပြည်တွင်းပြည်ပ ပြည်သူလူထုများမှ နည်းမျိုးစုံဖြင့် ဆန္ဒပြတော်လှန်နေကြသည်မှာ ကမ္ဘာအသိ ဖြစ်‌သည်ဟုလည်း ဖော်ပြပါရှိသည်။


စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တယား လည်ပတ်မှု ရပ်တန့်သွားစေရေးအတွက် ကော့ကရိတ်မြို့နယ် အမြဲတမ်းကော်မတီများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA- တပ်ရင်းအမှတ် (၁၈)၊ တပ်ရင်းအမှတ်(၂၇)၊ တပ်ရင်းအမှတ်(၁၀၃)၊ တပ်ရင်းအမှတ်(၂၀၁) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ -KNDO လုံခြုံရေးတပ်ရင်းနှင့် တပ်မဟာ စစ်ကြောင်း ခေါင်းဆောင်များ ညှိနှိုင်း သဘောတူညီချက်အရ အဆိုပါ အသိပေးစာကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats