KNG နှင့် ပျူစောထီးများ၊ ဆက်စပ် ပတ်သက်သူများကို ထိရောက်စွာ ဒဏ်ခတ် အရေးယူမည်ဟု KNDF ကြေညာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

KNG နှင့် ပျူစောထီးများ၊ ဆက်စပ် ပတ်သက်သူများကို ထိရောက်စွာ ဒဏ်ခတ် အရေးယူမည်ဟု KNDF ကြေညာ


စစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်နေသော ကယန်းအမျိုးသား ကာကွယ်ရေးတပ် (KNG) နှင့် ၎င်းတို့၏ အပေါင်းအပါ ပျူစောထီးအဖွဲ့များ၊ ဆက်စပ် ပတ်သက်သူများ အားလုံးကို ထိရောက်စွာ ဒဏ်ခတ် အရေးယူမည်ဟု ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) က ယနေ့ မတ်လ ၆ ရက်တွင် ကြေညာသည်။

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အထိ ဖေဖော်ဝါရီလ ၁၅ ရက်မှ စတင်သော စစ်ကောင်စီတပ်၏ စစ်ဆင်ရေးများအတွင်း နယ်မြေအနေအထား၊ ဒေသတွင်းအခြေအနေနှင့် စစ်ဆင်ရေး လမ်းကြောင်းများကို မိုးဗြဲအခြေစိုက် ကယားအထူးဒေသ (၁) - ကယန်းအမျိုးသားကာကွယ်ရေးတပ် (Kayan National Guard - KNG) မှ ဦးဆောင်လမ်းပြမှု ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

.

ထို့အပြင်  KNG ၏ ဦးဆောင်မှုဖြင့် ပျူစောထီးများကို စစ်ကောင်စီမှ လက်နက် တပ်ဆင်ပေးပြီး၊ ပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို တိုက်ခိုက်နေ‌ကြောင်းနှင့် KNG ၏ လုပ်ရပ်များကြောင့် စစ်ဆင်ရေး လမ်းကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ကယန်းလူမျိုးများနှင့် ပြည်သူများ ဒုက္ခရောက်နေရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Journal Download

Photo of three cats