ကရင်နီ (ကယား) ပြည်နယ် အတွင်းရှိ ဒေသခံ ပြည်သူများ၏ တောင်ယာ အနီး၌ စစ်ကောင်စီ ထောင်ထားသည့် မြေမြှုပ်မိုင်းများကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ရှင်းလင်း ဖယ်ရှားပေးခဲ့သည်ဟု သိရသည်။.
" တောင်သူတွေ ထွန်ယက် စိုက်ပျိုးချိန် ရောက်ပြီမို့ စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့ မိုင်းများကို စွန့်စားစွာ သွားရောက် ဖော်ယူပေးခဲ့တယ်" ဟု KNDF တပ်ရင်း(၂) က မတ်လ ၂၈ ရက်တွင် ထုတ်ပြန်သည်။
.
မြေမြှုပ်မိုင်းကြောင့် အရပ်သား ပြည်သူများ ထိခိုက်သေဆုံးမှု ဖြစ်ပေါ်နေရသည့် နိုင်ငံများ အနက် မြန်မာနိုင်ငံသည် ထိပ်တန်းစာရင်းတွင် ပါဝင်လျက် ရှိသည်။