မတ်လ ဒုတိယအပတ် တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၂၅ ဦး သေဆုံး၍ ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ ၆ ဦး ကျဆုံးခဲ့ကြောင်း KNDF ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မတ်လ ဒုတိယအပတ် တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၂၅ ဦး သေဆုံး၍ ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ ၆ ဦး ကျဆုံးခဲ့ကြောင်း KNDF ထုတ်ပြန်


ကရင်နီ (ကယား) ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၌ မတ်လ ဒုတိယအပတ် အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၂၅ ဦး သေဆုံး၍ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များဘက်မှ ၆ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

.

ပြီးခဲ့သည့် မတ်လ ၉ ရက်မှ ၁၆ ရက်အထိ ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ၂၅ ဦး သေဆုံးပြီး၊ အများအပြား ထိခိုက်ခဲ့ကာ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ၆ ဦး ကျဆုံးခဲ့သည်ဟု  KNDF က ယနေ့ မတ်လ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် မတ်လ ၉ ရက်တွင် ပူဖားကျေးရွာ နှင့် သေးဆူလဲကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ မတ်လ ၁၀ ရက်တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာနှင့် ကုန်းသာကျေးရွာအတွင်း ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဘာသာရေးအဆောက်အဦနှင့် ဘိုးဘွားရိပ်သာ ကျောင်းဆောင်များ ပျက်စီးခဲ့ရသည့် အပြင် နေအိမ် ၁ဝ လုံး မီးလောင် ပျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

.

ထို့အတူ စစ်ကောင်စီတပ်များသည် မတ်လ ၁၁ ရက်တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါရောက်ခူကျေးရွာ အနီးတဝိုက်တွင် လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်၊ မတ်လ ၁၃ ရက်မှ ၁၆ ရက်အထိ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးမှ ခေါက်ပလော့ နှင့် အုခူးရီရပ်ကွက်အထိ အတွဲလိုက်ပစ်ဒုံးများဖြင့် တရစပ်ပစ်ခတ်ပြီး စစ်ကြောင်းများဖြင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။


လက်ရှိတွင် စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားနေသာ လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူကျေးရွာ၊ ဒီးမော့ဆိုမြို့နယ်၊ ခေါက်ပလော့နှင့် ဦးခူးရီကျေးရွာများ အတွင်းရှိ စာသင်ကျောင်းနှင့် ဘုရားကျောင်းများတွင် တပ်စွဲထားပြီး၊ လက်နက်ကြီးများထိုင်ကာ အနီးအနားရှိ ကျေးရွာများသို့ ပစ်ခတ်နေလျက် ရှိသည်ဟု သိရသည်။

Journal Download

Photo of three cats