ဖေဖော်ဝါရီလ စတုတ္ထအပတ် တိုက်ပွဲသတင်းကို KNDF ထုတ်ပြန်ကြေညာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖေဖော်ဝါရီလ စတုတ္ထအပတ် တိုက်ပွဲသတင်းကို KNDF ထုတ်ပြန်ကြေညာ

အကြမ်းဖက်စစ်‌ကောင်စီတပ်များသည် မိုးဗြဲမြို့မှ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့နယ်သို့ စစ်ကြောင်း နှစ်ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေပါသည်။  တပ်မ (၆၆) နှင့် နယ်မြေခံတပ်များပါဝင် အကြမ်းဖက်စစ် ကောင်စီတပ်များသည် အင်အား (၃၀၀) ကျော်ဖြင့် ဆင်မတောင်ရွာစစ်ကြောင်းနှင့် နန်းဖယ်ခုံ စစ်ကြောင်းနှစ် ကြောင်းဖြင့် စစ်ကြောင်းထိုးပြီး မိုးဗြဲ-ဒီးမော့ဆို လမ်းပိုင်းနှင့် ဆင်မတောင်၊ဆင်ဖိုတောင် စသော တောင်ကျော များတွင် တပ်စွဲထားပါသည်။ 

ဖေဖော်ဝါရီလ (၂၂) ရက်နေ့၊ ဆင်ဖိုတောင်၊ဆင်မတောင်နှင့် လွိုင်နန်းဖကျေးရွာ အနီး နတ်ပေါက်တောင် တို့တွင်ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်တို့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ  တိုက်လေယာဥ်နှင့် ရဟတ်ယာဥ်တို့ဖြင့် နန်းမယ်ခုံ၊ ဝါတောခူရွာ၊ ဆင်ကလေး တာင်ဖက်သို့  (၅) ကြိမ်လာရောက် တိုက်ခိုက်ခဲ့ပါသည်။

ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် ဆင်ကလေးတောင်နှင့် နန့်စံခန်းကျေးရွာတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ နမ့်စံခန်း၊နမ့်မယ်ခုံ၊ဆင်ကလေးတောင်၊ ဆီးလီဒုန်း၊ ဒေါကမီးကျေးရွာတို့တွင်  တိုက်လေယာဥ်ဖြင့် (၁၉) ကြိမ်တိတိ လာရောက်တိုက်ခိုက်ခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ (၂) ဦးကျဆုံးခဲ့ပြီး၊ (၄) ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ ဒီးမော့ဆို အခြေစိုက်တပ်ရင်းများမှ တာဝေးပစ်အမြောက်များဖြင့် နမ့်မယ်ခုံနှင့် အနီးကျေးရွာများသို့ အဆက်မပြတ် ပစ်ခတ်သဖြင့်  ကျေးရွာအတွင်းရှိနေအိမ်များ လက်နက်ကြီးထိမှန်မီးလောင်ပျက်စီးခဲ့ပါသည်။

ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ နမ့်စံခမ်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး၊ ကျေးရွာအတွင်းရှိနေအိမ်များကို မီးရှို့ဖျက်စီးခဲ့ပါသည်။ ထိုကျေးရွာအနီး မနက်ပိုင်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး  အကြမ်းဖက်စစ်ကောင်စီမှ တင့်ကားများ အသုံးပြုတိုက်ခိုက်ခဲ့ပါသည်။ ဆင်မတောင်တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဆင်မတောင်နှင့် နန်းမယ်ခုံတို့တွင် အကြမ်းဖက်စစ်ကောင်းစီမှ လေကြောင်းတိုက်ခိုက်မှု (၁၂) ကြိမ်ထမံပြုလုပ်ခဲ့ပါသည်။

ဖေဖော်ဝါရီလ (၂၅)ရက်၊ မွန်းတည့် (၁၂း၃၀)နာရီအချိန်တွင်  တွင်  ဒီးမော့ဆိုမြို့နယ်၊ အိုကျေးရွာ၊ ဒေါတစေး ကျေးရွာဘုန်းကြီး ကျောင်းအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီပူး ပေါင်းတပ်ဖွဲ့ တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထို့အတူ ထိုနေ့ မွန်းတည့် (၁၂း၀၀) နာရီခန့်တွင် လွိုင်ကော်မြို့နယ် လင်ဖုံလေးလမ်းခွဲ အနီးတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြင့်ပွားခဲ့ပါသည်။

ဖေဖော်ဝါရီ (၂၆) ရက်နေ့ မွန်းလွဲ (၁၄း၀၀)နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဖရူဆိုမြို့နယ်၊ အခြေစိုက်  (ခမရ- ၄၂၈) တပ်ရင်းဂိတ်ကို ကရင်နီတပ်မတော် (KA) နှင့်  KNDF တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုမှာ တစ်နာရီနီးပါးခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ ထိခိုက်ကျဆုံးမှုရှိပါသည်။

ဖေဖော်ဝါရီ (၂၇ ) ရက်နေ့ နံနက် (၁း၃၀) ခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ် လိုဘာခို ကျေးရွာအတွင်း သို့ တိုက်လေယာဥ်ဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ပါသည်။ အရပ်သားပြည်သူများကို ပစ်မှတ်ထားသော ထိုလေကြောင်းတိုက်ခိုက်မှုတွင် ထိခိုက်မှု တစ်စုံတရာမရှိခဲ့ပါ။ 

အထက်ပါ နှစ်ဖက်ထိတွေ့တိုက်ပွဲများနှင့် တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက် ကျဆုံးမှုများရှိပြီး တိကျသော အရေအတွက် ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ဖေဖော်ဝါရီလ (၂၂) ရက်နေ့ နတ်ပေါက်တောင် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း KNDF မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါသည်။ KNDF မှ ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် အသက်ပေးသွားသော ရဲဘော်အား အာဇာနည်သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင်ပါသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားရာ နေရာများနှင့် အနီးအနားကျေးရွာများသို့ တာဝေးပစ် လက်နက်ကြီးများဖြင့်၊ ပစ်ခတ် လျက်ရှိပါသည်။` ထို့အပြင် ကင်းထောက်လေယာဥ်များဖြင့် အရပ်သားပြည်သူများ ရှိနေသော ကျေးရွာ အဆောက် အဦးများကို မှတ်တမ်းတင်ကာ၊ တိုက်လေယာဥ်များဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက် ခြင်းများပြုလုပ်လျက်ရှိပါသည်။ 

KNDF သတင်းနှင့်ပြန်ကြားရေးဌာန




Journal Download

Photo of three cats