ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့ရှိ စစ်ကောင်စီတပ်ကို KNDF နှင့် KA ပူးပေါင်းတပ်ဖွဲ့က မတ်လ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်သည်။
.
တိုက်ခိုက်မှုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ တပ်ရင်း(၄)၊ တပ်ရင်း(၈)နှင့် ကရင်နီတပ်တော် (KA) တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း KNDF က ယနေ့ မတ်လ ၂၈ ရက်တွင် ထုတ်ပြန်သည်။
.
အဆိုပါ တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်မှ ထိခိုက်မှု မရှိဘဲ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိသော်လည်း စာရင်းအတိအကျအား မသိနိုင်သေးကြောင်း ထုတ်ပြန်ထားသည်။