ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်း၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် FREE BURMA RANGER (FBR)တပ်ဖွဲ့ဝင် အမျိုးသမီး တစ်ဦး နှင့် Karenni Generation Z (KGZ) တပ်ဖွဲ့ဝင် တစ်ဦးတို့ ကျဆုံးခဲ့ကြောင်း သိရသည်။
.
FBR တပ်ဖွဲ့ မှ ကျဆုံးသူမှာ ပဲခူးသားဖွားသင်တန်းကျောင်း၊ ဒုတိယနှစ် သင်တန်းသူ အသက် ၂၅ နှစ်အရွယ် အဲလစ်စ်ဘတ် ဖြစ်ပြီး ဆောင်လာဒူရွာအတွင်း ပိတ်မိနေသည့် ပြည်သူများအား ကယ်ထုတ်ရင်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အပြင်းအထန် ဒဏ်ရာရရှိကာ ဆေးကုသခံမှု ခံယူနေစဉ် မတ်လ ၉ ရက်တွင် ကျဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ KGZ တပ်ဖွဲ့မှ ကျဆုံးသူမှာ လွိုင်ကော်ပညာရေးကောလိပ် DTEd အပတ်စဉ် (၂၃/၁၈)ဝိဇ္ဇာတန်းခွဲ (A)မှ ကျောင်းသား အသက် ၂၄ နှစ်အရွယ် ကိုဇော်လင်းထွန်း ဖြစ်ပြီး သေးလေးဆူတိုက်ပွဲ၌ စစ်ကောင်စီ ပစ်ခတ်သည့် စနိုက်ဘာကျည် ထိမှန်ကာ ကျဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကျဆုံး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအား အာဇာနည်သူရဲကောင်းအဖြစ် သတ်မှတ် ဂုဏ်ပြုကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများက အသီးသီး ထုတ်ပြန်ထားသည်။