Depression မုန်တိုင်းငယ် ယနေ့ ကိုကိုးကျွန်း အနီး ဝင်ရောက်နိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

Depression မုန်တိုင်းငယ် ယနေ့ ကိုကိုးကျွန်း အနီး ဝင်ရောက်နိုင်


Depression မုန်တိုင်းငယ်သည် ယနေ့ မတ်လ ၂၁ ရက်၊ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း အနီးသို့ ရောက်ရှိနိုင်ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်ခန့်မှ မိုင် ၄၀ ခန့်အထိ တိုက်ခတ်နိုင်သည်ဟု စစ်ကောင်စီ၏ မိုး‌လေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

.

ထို့အတူ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီးသို့ မတ်လ ၂၂ ရက်၊ နံနက်ပိုင်းတွင် လည်းကောင်း၊ ရခိုင်ကမ်းရိုးတန်းသို့ မတ်လ ၂၃ ရက်တွင် လည်းကောင်း အသီးသီး ရောက်ရှိနိုင်ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်‌ကြောင်းကိုလည်း ထုတ်ပြန်ထားသည်။

.

မုန်တိုင်း ဖြတ်ကျော်စဉ် မုန်တိုင်း ဒီရေမှာ ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များ အတွင်း ၆ ပေမှ ၉ ပေအထိ မြင့်တက်လာနိုင်သည်ဟု သိရသည်။

.

Depression မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ ဖြစ်သည့်အတွက် စစ်ကောင်စီက လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး မုန်တိုင်း အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင် သတိပြုနေထိုင်ကြရန် အသိပေး နှိုးဆော်ထားသည်။

.

NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်း မုန်တိုင်းကာလအတွင်း ပြည်သူများ သတိပြုလိုက်နာဆောင်ရွက်ရန် အချက်များကို ထုတ်ပြန် အသိပေးထားသည်။



Journal Download

Photo of three cats