အောင်ပန်းမြို့၊ ရေချိုရွာ အနီးတွင် COVID-19 ကူးစက်ခံထားရသည့် အမည်မသိ အမျိုးသားအလောင်း တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းမြို့၊ ရေချိုရွာ အနီးတွင် COVID-19 ကူးစက်ခံထားရသည့် အမည်မသိ အမျိုးသားအလောင်း တွေ့ရှိ


အောင်ပန်းမြို့၊ ရေချိုကျေးရွာ၊ယ အဝင် ဝါးရုံပင် အောက်၌ ယမန်နေ့ မတ်လ ၆ ရက်၊ နံနက်ပိုင်းက အမည်မသိ အမျိုးသား ရုပ်အလောင်း တစ်ခု တွေ့ရှိခဲ့သည်ဟု သိရသည်။

.

အဆိုပါ ရုပ်အလောင်းတွင် COVID-19 ကူးစက်ခံထားရကာ အောင်ပန်းမြို့ နာရေးကူညီမှုအသင်းက မီးသင်္ဂြိုဟ်ပေးခဲ့သည်ဟု သိရသည်။

.

အောင်ပန်းမြို့ နာရေးကူညီမှုအသင်းက မီးသင်္ဂြိုဟ်ပေးခဲ့သည့် ရုပ်အလောင်းများအနက် COVID-19 ဖြင့် သေဆုံးသူမှာ ယခု တစ်ပတ်အတွင်း အနည်းဆုံး ၄ ဦးထိ ရှိကြောင်း သိရသည်။

Journal Download

Photo of three cats