တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် သမဝါယမသင်တန်းကျောင်းရှိ စာရင်းကိုင်သင်တန်း၌ တက်ရောက်နေသည့် သင်တန်းသားများတွင် COVID-19 ကူးစက်ခံရသူများ ရှိနေသော်လည်း သင်တန်းအား ရပ်နားခြင်း မရှိဘဲ ဆက်လက် ဖွင့်လှစ်ထားသည်ဟု သိရသည်။
.
" အဲဒီ ကျောင်း၀န်းထဲမှာ အဆောင် ငှားစားထားပြီးကလေးတွေလည်း ကိုဗစ် ကူးစက်နေတဲ့အတွက် ရပ်ကွက်အတွင်း ပိုးပြန့်စေပါတယ်။ အဆောင်ကိုလည်း မပိတ်ပါဘူး။ အဲဒီမှာ ရှိတဲ့ အကြီးအကဲကအဆောင်ခတွေ အလကား လိုချင်တဲ့အတွက် တိတ်တိတ်လေးနေပုံ ရပါတယ်။" ဟု ရှမ်းပြည်နယ်သမဝါယမသင်တန်းကျောင်းမှ အမည် မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောသည်။
.
ထို့အပြင် သင်တန်းတွင် ပို့ချသင်ကြားနေသူ ဆရာမများတွင်လည်း COVID-19 ကူးစက်ခံနေရသူများ ရှိသည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
.
အဆိုပါ ရှမ်းပြည်နယ် သမဝါယမသင်တန်းကျောင်းရှိ စာရင်းကိုင်သင်တန်း၌ တက်ရောက်နေသည့် သင်တန်းသားများအနက် COVID-19 ကူးစက်ခံထားရသူမှာ ၂၀ ဦးထက်မနည်း ရှိနေသည်ဟု သိရသည်။