စစ်ကောင်စီ လေတပ်မှ ဗိုလ်ကြီး တစ်ဦး နှင့် တပ်သားတစ်ဦး ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်၍ CDM ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီ လေတပ်မှ ဗိုလ်ကြီး တစ်ဦး နှင့် တပ်သားတစ်ဦး ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်၍ CDM ပြုလုပ်


အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်မှ ဗိုလ်ကြီးတစ်ဦး နှင့် လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းမှ တပ်သားတစ်ဦး တို့ ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်၍ CDM ပြုလုပ်ခဲ့သည်ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ယနေ့ ၂၀၂၂ခုနှစ် မတ်လ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

.

လေတပ်မှ CDM ပြုလုပ်လာသူမှာ ဗိုလ်ကြီး မုတ်သုံ ဖြစ်ပြီး လေကြောင်းရန်ကာကွယ်ရေးတပ်မှ CDM ပြုလုပ်လာသူမှာ တပ်သား သီဟနိုင်ဖြစ်ကာ MA-3 သေနတ် ၂ လက်နှင့်အတူ CDM ပြုလုပ်လာခြင်း ဖြစ်ပြီး ၎င်းတို့သည် လွတ်မြောက်နယ်မြေ တစ်နေရာသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

.

"သူတို့ဟာ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ချိတ်ဆက် ကူညီဆောင်ရွက်ပေးမှုဖြင့် လွတ်မြောက်နယ်မြေတခုကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ အလားတူ ၂၀၂၁ ဧပြီလကတည်းက ပြည်သူ့ဘက် ရပ်တည်ခဲ့ပြီး ခက်ခက်ခဲခဲ ပုန်းရှောင်နေခဲ့ရတဲ့ တပ်ကြပ်ကြီးနောင်ရိုးဟာလည်း ပြည်သူ့ပန်းတိုင်အဖွဲ့နဲ့ ချိတ်ဆက်တာကြောင့် လွတ်မြောက်နယ်မြေ တခုကို ကူညီပို့ဆောင်ပေးခဲ့ပါတယ်။ သူတို့ကိုလည်း ပြည်သူ့ပန်းတိုင်အဖွဲ့က မကြာခင်မှာ ပြည်သူလူထုနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။"ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုသည်။

.

ပြည်သူ့ပန်းတိုင်အဖွဲ့၏ ဖော်ပြချက်များအရ CDM ပြုလုပ်လာသည့် စစ်ကောင်စီ လေတပ်မှ အရာရှိ ၃ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats