Chinland Defense Force - Senthang တပ်ဖွဲ့၏ ပထမအကြိမ် ကွန်မန်ဒို သင်တန်း မတ်လ ၂ ရက်တွင်အောင်မြင်စွာ ပြီးမြောက်ပြီ ဖြစ်ကြောင်း ၎င်းတပ်ဖွဲ့က ယနေ့တွင် ထုတ်ပြန်သည်။
" အဘက်ဘက်မှ ကူညီပေးကြသော အဖွဲ့အစည်းအသီးသီးမှ ညီနောင်များနှင့် ဆဲန်ထန်မျိုးနွယ်အားလုံးအပေါ် အထူးကျေးဇူးတင်ရှိပါသည်။" ဟု CDF Senthang ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
Chinland Defense Force - Senthang ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ချင်းအမျိုးသားတပ်ဦး (CNF)၏ လမ်းညွှန်မှုအား ခံယူ၍ ချင်းအမျိုးသားတပ်မတော် (CAN)၏ ကြီးကြပ်ကွပ်ကဲမှု အောက်တွင် ဒေသ အသီးသီးရှိ CDF ၊ PDF တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်သွားမည်ဟု ကြေညာထားသည်။