စစ်အုပ်စုနှင့် တွေ့ဆုံသည့် အာဆီယံ အထူးကိုယ်စားလှယ် Prak Sokhonn ကို မြန်မာနိုင်ငံသားများ အနေဖြင့် မကြိုဆိုကြောင်း၊ အလို မရှိကြောင်း ကြွေးကြော်၍ “ ASEAN STAND FOR DEMOCRACY NOT FOR DICTATOR “ ၊ “ အာဆီယံ ဒီမိုကရေစီအတွက် ရပ်တည်ပါ။ အာဏာရှင်ကို ဆန့်ကျင်ပါ။ ” စာတန်း ကိုင်ဆောင်ကာ မန္တလေးမြို့လယ် တစ်နေရာ၌ သံဃသမဂ္ဂသံဃာတော်များ ဦးဆောင်ပြီး ကျောင်းသားပြည်သူ ဝန်းရံမှုဖြင့် ယနေ့ မတ်လ ၂၂ ရက်တွင် အာဏာရှင်စနစ် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။