ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရွာမှ ပြည်သူပိုင်​နေအိမ် ၄၀ ထက် မနည်းကို စစ်ကောင်စီက မီးရှို့ဖျက်စီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရွာမှ ပြည်သူပိုင်​နေအိမ် ၄၀ ထက် မနည်းကို စစ်ကောင်စီက မီးရှို့ဖျက်စီး


ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆို မြို့နယ်၊ ဒေါငံခါးကျေးရွာရှိ ပြည်သူပိုင် နေအိမ် အလုံး ၄၀ ထက်မနည်းကို စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ထပ်မံ မီးရှို့ ဖျက်စီးခဲ့သည်ဟု သိရသည်။

.

ဒေါငံခါးကျေးရွာ၌ ပြီးခဲ့သည့် မတ်လ ၁၃ ရက်က ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အတွဲလိုက်ဒုံး Multiple Rocket Launcher System များ အသုံးပြု ပစ်ကူခဲ့သည့် အပြင် လက်နက်ကြီး အလွန်အကျွံ အသုံးပြု ပစ်ခတ်သဖြင့် ဒေါငံခါးရွာမှ ခေတ္တ ဆုတ်ခွာခဲ့ရပြီးနောက် ယင်း ကျေးရွာများ အတွင်းသို့ စစ်ကောင်စီတပ်က ဝင်ရောက်ကာ ပြည်သူပိုင် ပစ္စည်းများအား ဖောက်ထွင်း ခိုးယူခဲ့သည့်အပြင် ပြည်သူပိုင်နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု DMO-PDF က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။



အဆိုပါ ပြည်သူလူထု၏ အကျိုးစီးပွားကို မကာကွယ်ရုံသာမက ခိုးဆိုး လုယက် မီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် စစ်ရေးအရ ပြန်လည် တုန့်ပြန်မည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats